အာရှ၏ နည်းပညာ Startup သတင်းများ
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ် –
တောင်အာရှ နှင့် အရှေ့တောင်အာရှ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်တဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံရှိ နည်းပညာတိုးတက်မှုတွေကို အာရုံစိုက်ပြီး Startup သတင်းတွေကို နေ့စဉ် လွှမ်းခြုံဖော်ပြ ပို့ဆောင်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။’
Startup News Asia မှာ အစိတ်အပိုင်းများစွာ ရှိပါတယ်။
၁) နေ့စဉ် startup သတင်းများ
၂) လစဉ် သတင်း အကျဉ်းချုပ်များ
နိုင်ငံပေါင်း ၁၇ နိုင်ငံအတွက် လစဉ်သတင်း စုဆောင်းမှုတွေကို Startup News Asia ဝက်ဘ်ဆိုဒ်ကတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
၃) သုံးလတစ်ကြိမ် နည်းပညာဆိုင်ရာ သတင်းများ
Startup News Asia ရဲ့ ဝက်ဘ်စာမျက်နှာပေါ်မှာလည်း နိုင်ငံတစ်ခုချင်းစီအတွက် သုံးလ တစ်ကြိမ် သတင်းတွေကို ဖတ်ရှုနိုင်ပါတယ်။
၄) Startup သတင်းများ – နှစ်စဉ် စုဆောင်းမှု
ကျွန်တော်တို့ ခြုံငုံမှုပေးတဲ့ နိုင်ငံများ
လက်ရှိမှာ ကျွန်တော်တို့ဟာ အာရှ-ပစိဖိတ် ဒေသတွင်းရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သတင်း တွေကို စုဆောင်းလျက်ရှိပါတယ်။
တစ်ချို့နိုင်ငံတွေဟာ အခြားနိုင်ငံတွေထက်စာရင် နည်းပညာပိုင်းမှာ ပိုမိုတက်ကြွလှုပ်ရှား တာကို သိသိသာသာ မြင်တွေ့ရမှာပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော် တို့ဟာ သတင်းများကို အင်္ဂလိပ်ဘာသာဖြင့်သာ ဖော်ပြပေးနိုင်သေးတာဖြစ်ပြီး နိုင်ငံတစ်ခုချင်းစီရဲ့ ဘာသာစကားတွေနဲ့တော့ ဖော်ပြပေးနိုင်ခြင်းမရှိသေးပါဘူး။
- ၁။ ဩစတြေးလျ
- ၂။ ကမ္ဘောဒီးယား
- ၃။ တရုတ်
- ၄။ ဟောင်ကောင်
- ၅။ အိန္ဒိယ
- ၆။ အင်ဒိုနီးရှား
- ၇။ ဂျပန်
- ၈။ တောင်ကိုရီးယား
- ၉။ မလေးရှား
- ၁၀။ မြန်မာ
- ၁၁။ နယူးဇီလန်
- ၁၂။ ဖိလစ်ပိုင်
- ၁၃။ စင်ကာပူ
- ၁၄။ သီရိလင်္ကာ
- ၁၅။ ထိုင်ဝမ်
- ၁၆။ ထိုင်း
- ၁၇။ ဗီယက်နမ်
၂၀၁၉ အတွင်း တိုးတက်မှုများ
ကျွန်တော်တို့ဟာ ဒီနှစ်မှာတော့ သတင်းနှင့် အကြောင်းအရာ ထုတ်ဝေ လှုပ်ရှားမှုတွေမှာ အဓိကကဏ္ဍကြီး ၂ခုကို ထပ်မံထည့်သွင်းမှုကို စတင်ခဲ့ပါတယ်။
ရေတိုအခြေအနေမှာတော့ ဒါတွေဟာ Startup News Asia အဖြစ်တည်ရှိနေမှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ သီးသန့် Channels တွေဖြစ်လာမှာ ဖြစ်ပါတယ်။
၁) ထုတ်ဝေမှု စင်္ကြံ
ဒီစင်္ကြံဟာ သင်ပရင့်ထုတ်နိုင်တဲ့ ထုတ်ဝေမှုတွေကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိမှာဖြစ်ပြီး ဆောင်းပါး တစ်ခုစီတိုင်းကို အွန်လိုင်းရည်ညွှန်းချက်တွေနဲ့ ပိုမိုတဲ့အချက်အလက်တွေကို ချိတ်ဆက်ပေး နိုင်ပါတယ်။
ဒီစင်္ကြံဟာ သတင်းတွေကို အဓိကထား စူးစိုက် လုပ်ဆောင်ထားတာ ဖြစ်ပေမယ့် အခြားသော အွန်လိုင်း အချက်အလက်တွေဖြစ်တဲ့ ဘလော့ဂ်များ၊ ဗီဒီယိုများနဲ့ အွန်လိုင်းစတိုးများ အစရှိတာတွေအတွက် လည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူကသာ ဘယ်လိုသုံးမလဲ ဆုံးဖြတ်ရမှာပါ။
ကျွန်တော်တို့ဟာ ပုံနှိပ်ထုတ်ဝေမှုတွေကို ဝက်ဘ်စာမျက်နှာတွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ အတွက် သင်ဟာ သင့်စာဖတ်သူတွေ ဘာတွေကို ကြိုက်နှစ်သက်တယ်ဆိုတာ သိရှိလာနိုင်မှာ ဖြစ်ပြီး သင့်စာဖတ်သူတွေ လိုချင်တာကို ပို့ဆောင်ပေးလာနိုင်မှာဖြစ်တဲ့အတွက် သင်ဟာ မှန်ကန်တဲ့ ကြော်ငြာလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လာနိုင်မှာပါ။
၂) မိုဘိုင်း အက်ပ် – Android
ဒီအက်ပ်ဟာ သင့်ဖုန်းထဲကို ကျွန်တော်တို့ရဲ့ သတင်းတွေ အရောက်ပို့ပေးနိုင်တဲ့ အတွက် သင်ဟာ အခြား သတင်းဆိုဒ်တွေ ဒါမှမဟုတ် လူမှုကွန်ယက် channel အမြောက်အမြားကို သွားနေစရာ လိုတော့မှာ မဟုတ်ပါဘူး။
ဒီအက်ပ်ဟာ သင်ဖတ်ခဲ့တဲ့ ဆောင်းပါးတွေကို စာရင်း ပြုစုပေးထားနိုင်တဲ့အတွက် နောက်မှ ပြန်ဖတ်လို့လည်း ရနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေ ကိုလည်း မျှဝေလို့လည်း ရနိုင်တယ်လေ။ သတင်းဆောင်းပါးတွေကို သင့်စိတ်ကြိုက် လူမှု ကွန်ယက်စင်္ကြံတွေ အပေါ်လည်း မျှဝေနိုင်ပါတယ်။
ဒီအက်ပ်ဟာ ကျွန်တော်တို့ ပိုမိုကြီးမားတဲ့ ထုတ်ဝေမှု ပရောဂျက်ကြီးရဲ့
တစ်စိတ်တစ်ဒေသ ဖြစ်ပြီး ကျွန်တော်တို့ ပုံနှိပ်ထုတ်ဝေထားတဲ့ သတင်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိုင်စေဖို့ QR ကုဒ် စကင်နာပါဝင်အောင်လည်း ဆောင်ရွက်ထားပါတယ်။
ဘယ်သူက Startup News Asia ကို စီမံခန့်ခွဲနေပါသလဲ?
ကျွန်တော့်နာမည်က Wade Wright ပါ။
ကျွန်တော်ဟာ အာရှအနှံ့၊ ဩစတြေးလျနဲ့ ယူကေတို့မှာ အစိုးရဌာနတွေ၊ ကြော်ငြာ ကဏ္ဍတွေနဲ့ ငွေကြေးအကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေအတွက် ဝက်ဘ်ဆိုဒ် ရေးသား ခြင်း၊ ပရင့်ထုတ်ဝေခြင်းစတဲ့ ပရောဂျက်တွေကို လုပ်ကိုင်ခဲ့ဖူးပါတယ်။
ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ အာရှဒေသကို ပြန်လည်သွားရောက်ကာ incubator အစီအစဉ်ရဲ့ ကူညီမှုနဲ့ ထုတ်ဝေရေးစင်္ကြံ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်ဖို့ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတစ်ခုမှာ ပရောဖက်ရှင်နယ် ရာထူးတစ်နေရာကို ရရှိနိုင်ဖို့ ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်တွေကို –